Home » Howto & Style » US က Housing အိမ််ငှားတဲ့ အကြောင်းပြောရင်း အိပ်ခန်းလေးပြမယ် F1 Student | apartment

US က Housing အိမ််ငှားတဲ့ အကြောင်းပြောရင်း အိပ်ခန်းလေးပြမယ် F1 Student | apartment

Written By Kham to the Grace on Saturday, Jun 17, 2023 | 05:15 PM

 
ဒီဗီဒီယိုမှာတော့ အမေရိကမှာ ကျောင်းသားတွေအတွက် အခန်းရှာတာနဲ့ပတ်သတ်ပြီး သိသလောက်လေး ပြောပြပေးထားပါတယ် စိတ်ကူးပေါက်ပြီး လက်တန်းပြောတာမလို့ နည်းနည်းလေးရှည်သွားတယ်ပေါ့နော် လိုက်တင်သိပ်မကောင်းတော့ ဗီဒီယိုအရည်အသွေးသိပ်မကောင်းဘူးဖြစ်သွားတယ်။ ကြည့်ရတာ နားထောင်ရတာအဆင်မပြေဖြစ်သွားရင် ခွင့်လွှတ်ပါရှင့်။ ဒီထဲမှာ ထည့်မပြောထားတာကတော့ host family ရှာပြီးတူတူနေတာပေါ့နော်။ အဲ့တာကအရမ်းကိုသက်သာပါတယ်။ သူကဘယ်လိုလဲဆိုတော့ ဒီကအမေရိကန်မိသားစုတွေကနေပြီးတော့ ပေးနေတာပေါ့နော် အလကားတော့မဟုတ်ပါဘူး ပိုက်ဆံပေးရပါတယ် ဒါပေမဲ့ သက်သာပါတယ် အိမ်ငှားပြီးနေတာထက်ပေါ့နော်။ တစ်ခုရှိတာကတော့ သူတို့ရဲ့စည်းမျဥ်းအတိုင်းနေရတာမျိုးတို့ဘာတို့တော့ရှိတတ်ပါတယ်။ တစ်ခါတစ်လေ သူတို့နဲ့အရမ်းအဆင်ပြေသွားပြန်ရင်လည်း အလကားတောင်နေလို့ရသွားနိုင်တာမျိုးရှိတတ်ပါတယ်။ ဆိုတော့အဲ့တာကလည်း ထည့်စဥ်းစားလို့ရတဲ့ ရွေးချယ်စရာလေးဖြစ်ပါတယ်။ ကျေးဇူးပါရှင်။ ကျောင်းဝက်ဘ်ဆိုက်ကနေတော့ အရင်ဆုံးစရှာတာကောင်းပါတယ် သူတို့ဝက်ဘ်ဆိုက်ထဲကြတော့ resources တွေများတတ်လို့ပါ။ အောက်ကတော့ ကိုယ်သွားနေမဲ့မြို့အလိုက် ရွေးပြီးရှာလို့ရပါတယ်။ ပြောထားတဲ့အတိုင်း အလိမ်တွေလည်းအရမ်းများတာမို့ သတိထားစေချင်ပါတယ်။ craigslist - https://www.craigslist.org/about/sites#US 👍 If You Enjoy This Video, Consider Hitting The Like Button! 🥁 Subscribe To Stay Notified For New Videos: https://tinyurl.com/khamtothegrace Music by Isaac Solo - kitchen light - https://thmatc.co/?l=93B973C6 Music by Abby Cole - Blood & Water - https://thmatc.co/?l=EC256721 #burmese #internationalstudent #us #usa #housing #apartment #bedroom #f1 #f1student