Home » People & Blogs » ဟစ်တလာတစ်ယောက် လုပ်ကြံမှုတွေထဲကနေ ဘယ်လို လွတ်မြောက်ခဲ့သလဲ?

ဟစ်တလာတစ်ယောက် လုပ်ကြံမှုတွေထဲကနေ ဘယ်လို လွတ်မြောက်ခဲ့သလဲ?

Written By JAB TV MM on Tuesday, Nov 10, 2020 | 03:51 AM

 
၁၉၄၄ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့ဟာ ဂျာမန်အရှေ့ဘက်ပိုင်းမှာရှိတဲ့စစ်ဌာနချုပ်အတွက်တော့ သာမန်နေ့လေး တစ်နေ့ပါပဲ။ အဲ့ဒီဌာနချုပ်ဟာ အရှေ့ပရပ်ရှားရဲ့ ရော့စတင်ဘတ် (Rostenburg) မြို့နားမှာရှိတာဗျ။ ရာသီဥတုဟာ စစ်ပွဲတွေအပေါ် မှာ အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောလေ့ရှိတယ်ဗျ။ အဲ့ဒီနေ့က ရောစတင်ဘတ်မြို့ ဟာလည်း ရာသီဥတုသာယာပြီးတော့ နေရောင်အောက်မှာ တော်တော်လှတာဗျ။ ကျွန်တော်ကသာ လှတယ်ပြောနေတာ။ အဲ့ဒီမြို့မှာ နေတဲ့ ဟစ်တလာကတော့ ပူလွန်းလို့ ပုံမှန်လုပ်နေကျ အစည်းအဝေးတောင် နေရောင်ပြောင်းပြီးကျင်းပရတယ်ဗျ။ ဝံပုလေစံအိမ်လို့ လူသိများတဲ့ ဟစ်တလာရဲ့ ဘန်ကာထဲမှာ အစည်းအဝေးမလုပ်ဘဲ ပြတင်းပေါက်ပါတဲ့ သစ်သားအိမ်ထဲမှာ ပြောင်းလုပ်ဖို့ သူ့လူတွေက စီစဉ်ပေးလိုက်ရတယ်ဗျာ။