Home » People & Blogs » WW2 အတွင်း ရန်သူ စစ်သား ၂၄၂ ယောက်ကို ရိုင်ဖယ် တစ်လက်တည်းနဲ့ ပစ်သတ်ခဲ့တဲ့ ရုရှားစနိုက်ပါ

WW2 အတွင်း ရန်သူ စစ်သား ၂၄၂ ယောက်ကို ရိုင်ဖယ် တစ်လက်တည်းနဲ့ ပစ်သတ်ခဲ့တဲ့ ရုရှားစနိုက်ပါ

Written By JAB TV MM on Friday, Nov 13, 2020 | 04:42 AM

 
စနိုက်ပါသမားတစ်ယောက်ရဲ့တာဝန်ကတော့ တည်ငြိမ်ပြီး ရန်သူတွေမမြင်အောင် ခြေရာဖျောက်နိုင်ရမယ်ဗျ။ ရိုင်ဖယ်ကောင်းကောင်းတစ်လက်နဲ့ ဖြစ်နိုင်ရင် အဝေးကြည့်မှန်ပြောင်းကိုအသုံးပြုပြီးသတ်မှတ်ထားတဲ့ ပစ်မှတ်ကို အဝေးကနေ ရှင်းထုတ်ပစ်နိုင်ရမှာဖြစ်ပါတယ်။ စနိုက်ပါသမားတွေဟာ စစ်တပ်ဆုံးဖြတ်ချက်တွေမှာ ဉာဏ်ကိုလွှာသုံးနိုင်တဲ့ ဒုတိယ အခန်းကဏ္ဍ ကနေလည်း ပါဝင်နေတယ်ဗျ။ စနိုက်ပါတွေဟာ အထူးစပါယ်ရှယ်အမျိုးအစားတွေဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းစီဟာ စွမ်းဆောင်ရည်ပြည့်ဝကြပါတယ်။ ပရိယာယ်၊ စိတ်ရှည်မှု နှင့် ကင်းထောက်စွမ်းရည်ပြည့်ဝသူတွေ ဖြစ်ကြပြီး ပြောက်ကျားတိုက်ခိုက်ရာမှာလည်း ဆရာကျတယ်ဗျ။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာတော့ စနိုက်ပါသမားတွေဟာ မရှိမဖြစ် လိုအပ်လာခဲ့ပြီး နိုင်ငံတိုင်းမှာ အထူးလေ့ကျင့်ရေးကျောင်းတွေ တည်ထောင်လာခဲ့ကြပါတယ်။