Home » News & Politics » အိုင်စီဂျေအမှု - ဂမ်ဘီယာဘက်က ပထမဆုံး အဆိုလွှာတင် လျှောက်လဲ - BBC News မြန်မာ

အိုင်စီဂျေအမှု - ဂမ်ဘီယာဘက်က ပထမဆုံး အဆိုလွှာတင် လျှောက်လဲ - BBC News မြန်မာ

Written By BBC News မြန်မာ on Saturday, Oct 24, 2020 | 08:45 PM

 
မြန်မာအပေါ်တရားစွဲဆိုထားတဲ့ ဂျီနိုဆိုက် အမှုမှာ ဂမ်ဘီယာရဲ့ Memorial အဆိုလွှာ လျှောက်လဲချက် ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလုပ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကနေ မြန်မာကို တရားစွဲထားတဲ့အမှုမှာ နိုင်ငံတကာတရားရုံး (ICJ) က လက်ခံခဲ့ပြီးနောက် အခုအခါ ဂမ်ဘီယာနိုင်ငံရဲ့ ပထမဆုံးလျှောက်လဲချက်ဖြစ်တဲ့ Memorial အဆိုလွှာကို အောက်တိုဘာ ၂၃ ရက်က အိုင်စီဂျေတရားရုံးကို တင်သွင်းခဲ့ပါတယ်။ ဒီအမှုကို ဂမ်ဘီယာဟာ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။ အခု အဆိုလွှာမှာ ဘာတွေ ပါလဲဆိုတာ သိရဖို့ အိုအိုင်စီက ဖွဲ့ပေးထားတဲ့ အာရကန်ရိုဟင်ဂျာယူနီယံရဲ့ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်း၊ ဒီအမှုမှာ အကြံပေးအဖြစ်လည်းပါ၀င်တဲ့ ဒေါက်တာဝါကာအူဒင်းနဲ့ ရှေ့နေ ပေါလ် ရိုက်ကလာတို့ကို ဘီဘီစီက မေးကြည့်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ဂျီနိုဆိုက် #လူမျိုးတုံးသတ်ဖြတ်မှု #ဂမ်ဘီယာ #ရိုဟင်ဂျာ