Home » News & Politics » စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းကောင်း

စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းကောင်း

Written By 7Day TV on Thursday, Jul 30, 2020 | 12:21 AM

 
စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းကောင်း ဇူလိုင် − ၂၉ ၊၂၀၂၀ အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနိုင်မယ့် Entrepreneurship World Cup 2020 ကို မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါပြီ။ Entrepreneurship World Cup 2020 မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ဦးစီးပြီး National Organizer အဖြစ်ကြီးမှူးကျင်းပတာလည်းဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ တီထွင်ဆန်းသစ်မှု အရည်အချင်းတွေကိုပြသလိုတဲ့သူတွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ ဒီတွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံစွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းဥက္ကဌ ဒေါက်တာ အောင်သူရနဲ့ ၊အတွင်းရေးမှူး မမေပြည့်စုံကြွယ်တို့က Entrepreneurship World Cup ကို ဝင်ရောက်ယှဉ်ပြိုင်သင့်တဲ့အကြောင်းနဲ့ ဝင်ပြိုင်လို့ရရှိလာမယ့် အကျိူးကျေးဇူးတွေကို ပြောပြထားပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ လာမယ့် သြဂုတ်လ ၂ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားမယ့်သူတွေဟာ https://signup.entrepreneurshipworldcup.com/ewc/signup မှတဆင့်လျောက်ထားလို့ရပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်လို့ သိချင်တာတွေရှိရင် MYEA ရဲ့ Facebook Page က ဒါမှမဟုတ် Hot Line Phone 097650000719 ကိုဆက်သွယ်လို့လည်းရပါတယ်။ Subscribe to our channel at https://bit.ly/2CVSP6d Check out our website: http://www.7daydaily.com/ Connect with us at our social media handles: Facebook: https://www.facebook.com/7DayOnlineTV/ Twitter: https://twitter.com/7Day_TV