လိင်မှုကိစ္စမှာ ပြီးမြောက်ဖို့ဟာ အင်မတန်မှအရေးကြီးပါတယ် ။ လိင်ကိစ္စပြီးမြောက်ဖို့ကတော့ အဆင့်သုံးဆင့် ကိုဖြတ်ကျော်ရမှာပါ။
ကနဦးမှာတော့ လိင်မဆက်ဆံခင် လိင်ဆက်ဆံဖော်ရဲ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို နှိုးဆွပေးရတာဖြစ်ပြီး ဒုတိယအဆင့်မှာ လိင်ဆက်ဆံပြီးတဲ့နောက် သုက်ရည်ထွက်ရမှာပါ ။
အဲဒီနောက်မှာတော့ မောပန်းနွယ်နယ်မှုကို ပြေပျောက်ဖို့ အနားယူတဲ့အဆင့်ကို နောက်ဆုံးအနေနဲ့ ဖြတ်သန်းရမှာဖြစ်ပါတယ.်။
လိင်ကိစ္စပြီးမြောက်တယ်ဆိုတာ လိင်မှုကိစ္စမှာ အထွတ်အထိပ် ရောက်သွားတာကို ဆိုလိုတာဖြစ်ပေမယ့် အမျိုးသားနဲ့အမျိုးသမီး တို့ ရဲ့သဘာဝတော့ မတူညီပါဘူး။
အမျိုးသားတွေဟာ သုက်ရည်တစ်ခါတည်း ပန်းထွက်သွားရင် ပြီးမြောက်တယ်လို့ဆိုပေမယ့် အမျိုးသမီးတွေကတော့ဒီလိုဖြစ်စဉ်က ဆင့်ကဲဆင့်ကဲဆိုသလို ဖြစ်တတ်ပါတယ်။
ဒီသဘောတရားကိုဂရုမပြုတဲ့ တချို့အိမ်ထောင်ရှင် အမျိုးသားတွေဟာ မိမိတို့ကိစ္စပြီးမြောက်ဖို့ကိုပဲ ဦးစားပေးတတ်တာကြောင့် အမျိုး သမီးရဲ့ လိင်ကိစ္စပြီးမြောက်ကို လျစ်လျူ ရှုရာမှာတော့ အိမ်ထောင်ရေး မသာမယာမှုတွေဖြစ်ပေါ်လာတတ်တာပါ။
လိင်ကိစ္စပြီးမြောက်မှုဟာ ကျန်းမာရေးကို လည်တဖက်တလမ်းကအထောက်အကူပြုပါသေးတယ်။
British Medical Journal က ပြုလုပ်ထားတဲ့ သုတေသန ရလဒ်မှာတော့ တပတ်အတွင်းနှစ်ကြိမ် လိင်ကိစ္စ ပြီးမြောက်သူတွေဟာ တစ်လကို တစ်ကြိမ် ပြီးမြောက်သူတွေထက် နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းလျော့နည်း တာကို ဖော်ပြထားပါတယ်။
ဒီလို ကျန်းမာရေးအတွက် လည်းအထောက်အကူပြုတဲ့ လိင်ကိစ္စပြီးမြောက်ခြင်းအကြောင်း ကို ဒေါက်တာမြင့်ဦးက ကျန်းမာရေးအသိအမြင်ရှိစေဖို့ ခရေစေ့တွင်းကျ ပြောပြထားတာကို တင်ဆက်ပေးလိုက်ပါတယ်။
Subscribe to our channel at https://bit.ly/2CVSP6d
Check out our website: http://www.7daydaily.com/
Connect with us at our social media handles:
Facebook: https://www.facebook.com/7DayOnlineTV/
Twitter: https://twitter.com/7Day_TV