Home » People & Blogs » ပြည်ပရောက် မြန်မာလုပ်သားတွေ ကိုကာကွယ်ပေးဖို့ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ညွှန်ကြားထား

ပြည်ပရောက် မြန်မာလုပ်သားတွေ ကိုကာကွယ်ပေးဖို့ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ညွှန်ကြားထား

Written By 7Day TV on Thursday, Jul 06, 2017 | 04:04 AM

 
ပြည်ပရောက် မြန်မာလုပ်သားတွေကို အတတ်နိုင်ဆုံး အကာအကွယ်ပေးဖို့ အတွက် နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၅ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောတာဖြစ်ပါတယ်။ ထိုင်းရောက်မြန်မာလုပ်သားတွေ အဆင်ပြေစေဖို့ အတွက် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့လည်း ပြည်ထောင်စု ဝန်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ထိုင်းနိုင်ငံမှာ အသစ်ထုတ်ပြန်လိုက်တဲ့ အလုပ်တာဝန် စီမံခန့်ခွဲရေး ဥပဒေကြောင့် တရားမဝင် လုပ်သားတွေဟာ ဖမ်းဆီးခံရမှာ စိုး၍ နေရပ်ကို ပြန်လာနေကြပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာလုပ် သား သောင်းနဲ့ချီကာ နေရပ်ကို အလုံးအရင်းနဲ့ပြန်လာနေကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်နိုင်ငံညှိနှိုင်းမှုများကြောင့် တရားမဝင်မြန်မာလုပ်သားတွေကို ဖမ်းဆီးနေတာတွေကို ရက်ပေါင်း ၁၈၀ ဆိုင်းငံထားမယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။ ရုပ်သံသတင်းထောက် - မောင်သင်တုန်း၊ မြတ်သီဟမောင်