Home » People & Blogs » ရွှီးမုန့်ဟင်းခါး စားကြမလား

ရွှီးမုန့်ဟင်းခါး စားကြမလား

Written By 7Day TV on Monday, Apr 03, 2017 | 09:32 AM

 
မုန့်ဟင်းခါးဆိုတာမြန်မာလူမျိုးတွေ နှစ်နှစ်ခြိုက်ခြိုက်စားသုံးကြတဲ့ ရိုးရာအစားအစာတစ်မျိုးပါ။ ကိုယ်တိုင်လဲ ချက်စားကြသလို ဆိုင်တွေမှာလဲ မဖြစ်မနေ သွားစားရတဲ့ အစားအစာတစ်မျိုးပါ။ ဒါပေမယ့် မုန့်ဟင်းခါး အရသာကောင်းကောင်းနဲ့ သန့်သန့်ပြန့်ပြန့် ဆိုင်လေးတွေကတော့ ရှာမှာရှားပါပဲ။ ဒါ့ကြောင့် ဒီတစ်ပတ် 7Day TV ရဲ့ Street Foods အစီအစဉ်ကနေ မုန့်ဟင်းခါးဟင်းရည်မှာ နာမည်ကြီးတဲ့ ရွှီးမုန့်ဟင်းခါးဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရွှီးမုန့်ဟင်းခါးဆိုင်က လတ်တလောမှာ ဆိုင်ခွဲလုံးဝမရှိသေးဘဲ၊ ဓမ္မစေတီလမ်းထဲကို ရွှေဂုံတိုင်ဘက်ကနေဝင်ရင် ညာဘက်အခြမ်း City Mart Market Place မရောက်ခင် ကလေးမှာ ရှိတာပါ။ ဒါကြောင့် မုန့်ဟင်းခါးကြိုက်သူ 7Day TV ပရိသတ်ကြီးလည်း တစ်ခေါက်လောက် သွားမြည်းစမ်းကြည့်နိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။