DVB BizDebate - မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာနိုင်ဦးမလား။
“ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဆိုရင် ဂျီဒီပီရဲ့၁၅ ရာခိုင်နှုန်းမကျော်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း ဂျီဒီပီရဲ့ ၂၀ ရာခိုင်နှုန်းမကျော်ဘူး။အဲ့တော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်လိုက်ရင် တော်တော်လေးနည်းနေသေးတယ်။နည်းနေတဲ့ အတွက်မျှော်လင့်ချက်ကလည်းအများကြီးရှိနေတယ်။ဘာလို့လဲဆိုတော့လုပ်စရာတွေအများကြီးရှိနေလို့ပါ။ ပြီးတော့လည်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေ ဒီ၂ခုကိုပေါင်းစပ်ပြီးတော့ အဲ့ဒီ့ဥပဒေဘယ်တော့ထွက် မလဲဆိုပြီးစောင့်ခဲ့ကြတယ်။အခုကျတော့ ဥပဒေကထွက်လာပေမယ့် နည်းဥပဒေကမထွက်လာသေးဘူး။အဲတော့ ပြောချင်တာက မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတိုးတက်လာဖို့ဟာ အလားအလာအများကြီးရှိပါတယ်”
- ဦးအောင်ချိန်ဘွား (စီးပွားရေးဆောင်းပါးရှင်)
“စားသုံးသူတွေအတွက် အကျိုးရှိတာဖြစ်ဖို့လိုသလို တဖက်ကလည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် မျှတဖို့တော့လိုပါတယ်။ ဘာလို့လဲဆိုတော့ တချို့အခြေအနေတွေမှာ ကုန်ဈေးနှုန်းတွေအရမ်းကျတယ်။ဒီလိုတအားကျတဲ့နေရာမှာ စားသုံးသူတွေ အတွက်တော့ အဆင်ပြေတယ်။ဒါပေမယ့် ထုတ်လုပ်သူတွေအတွက် တအားထိခိုက်နစ်နာဆုံးရှုံးမှုတွေရှိတယ်ဆိုရင် နိုင်ငံတော်အစိုးရပိုင်းက ထိုက်သင့်သလိုဆောင်ရွက်ပေးဖို့လိုတယ်။ဒီ့အတွက် စားသုံးသူနဲ့ရင်းနှီးမြှုပ်နှံသူ နှစ်ဖက်စလုံး အတွက်ညီမျှတဲ့မူဝါဒ တစ်ခုထားရှိဖို့လိုပါတယ်”
- ဦးဝင်းမြင့်(အတွင်းရေးမှုး၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ သူများအသင်း)
“ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုတံခါးတွေ မဖွင့်ပေးခင်မှာ ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုတော့ ကိုယ်ကဘာလိုချင်တာလဲ အရင်ဆုံးသိဖို့လိုပါတယ်။ဘာကိုလိုချင်တာလဲဆိုတာအရင်ဆုံးသိပြီးမှ ကျွန်တော်တို့က သူတို့နဲ့ပြောဆိုရမှာဖြစ်တယ်။ဒီနေ ရာမှာထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍမှာရင်းနှီးမြှုပ်နှံဖို့အတွက် ဒီမလာခင် ဘာအရင်လုပ်လဲဆိုတော့ သူနိုင်ငံက ကျွမ်ကျင်ပညာရှင်တွေနဲ့အရင်ဆုံး ဆွေးနွေးတယ်။ဆွေးနွေးတဲ့နေရာမှာလည်း ငါတို့ရဲ့အကျိုးအမြတ်နဲ့ကုန်ကျစရိတ်က ဘယ်လောက်လဲဆိုတာကိုကြည့်ပြီးမှ ကျွန်တော်တို့ဆီကို လာတာ။ချစ်လို့လာတာမဟုတ်ဘူး။ဒါကြောင့် ပိုင်ဆိုင်မှုတွေ အကုန်လုံးဖွင့်ပေးလိုက်မယ်ဆိုရင် နိုင်ငံကပိုပြီးတော့ဆင်းရဲသွားပါလိမ့်မယ်”
- ဦးပြည့်ဝထွန်း(CEO,Parami Energy Group)